💻 SanLinSailor — Solo Developer | IT & Technology
ကျွန်တော်က Solo Developer တစ်ယောက်အနေနဲ့ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်ဖန်တီးပြီး သိရှိထားသမျှ နည်းပညာအကြောင်းအရာတွေကို မျှဝေပေးနေသူတစ်ယောက်ပါ။
ကျွန်တော့်ရဲ့ အဓိကအလုပ်ကတော့ သင်္ဘောသား (Seafarer) ဖြစ်ပြီး IT ကတော့ ဝါသနာတစ်ရပ် ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အားလပ်ချိန်ရတဲ့အခါ လေ့လာထားသမျှကို Website, YouTube နဲ့ Online Platform တွေကနေ ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
🌐 IT & OS Platform တွေမှာ ဘာတွေ သိချင်ပါသလဲ?
Windows, Computer, Software, Networking, Website Development, OS Platform တွေ၊ နည်းပညာစနစ်တွေအကြောင်းနဲ့ လက်တွေ့အသုံးချနိုင်တဲ့ Knowledge တွေကို တဖြည်းဖြည်း မျှဝေပေးသွားပါမယ်။
စတင်ချင်ရင် အရင်ဆုံး Windows 10 ISO File ဆိုတာ ဘာလဲ၊ ဘယ်လိုအသုံးပြုရလဲဆိုတာကနေ စတင်လေ့လာကြည့်နိုင်ပါတယ်။
IT လောကကြီးက အရမ်းကျယ်ပြန့်ပါတယ်။ ဥပမာ Computer Networking မှာ OSI Model အရ Layer 7 Layers ရှိသလို နည်းပညာတစ်ခုချင်းစီမှာလည်း ကိုယ်ပိုင်အခြေခံသဘောတရားတွေ ရှိပါတယ်။
🔐 Hacking & Cyber Ethics
တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။
Hacking လုပ်ခြင်း၊ System တွေကို ချိုးဖောက်ဝင်ရောက်ခြင်း၊ အခြားသူတွေရဲ့ Account/System/Data တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းတွေကို လုံးဝ မလုပ်ပါ။
အခြားသူတွေရဲ့ Copyright ကိုလည်း လေးစားပါတယ်။
System တွေကို ချိုးဖောက်နေသူတွေအကြောင်းကတော့ —
Nothing to say.
H4ck A ဆိုပြီး ပြောကြားနေတဲ့ စကားတွေက နားထောင်လို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ထက် မပိုပါဘူး။
ကျွန်တော်ကတော့ နည်းပညာကို ဖျက်ဆီးဖို့မဟုတ်ဘဲ တည်ဆောက်ဖို့၊ လေ့လာဖို့နဲ့ အကျိုးရှိရှိ အသုံးချဖို့ ယုံကြည်ပါတယ်။
🇲🇲 မြန်မာလူငယ်တွေအတွက်
မြန်မာလူငယ်တွေ Computer နဲ့ Technology ကို ပိုမိုအသုံးပြုသင့်ပါတယ်။
IT ကို ကောင်းမွန်တဲ့နေရာတွေမှာ အသုံးချနိုင်ရင် ကိုယ့်အတွက်သာမက ကိုယ့်မိသားစု၊ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံ IT လောကဟာ နောက်ကျနေတယ်လို့ မယူဆသင့်ပါဘူး။
ကျွန်တော်တို့မှာလည်း Flow ရှိတယ်၊ Skill ရှိတယ်၊ လေ့လာနိုင်စွမ်းရှိတယ်။
လိုအပ်တာက ကိုယ်တိုင်စတင်ပြီး ဆက်လက်လေ့လာဖို့ပါ။
🛒 Online Business လုပ်နေသူတွေအတွက်
Online Shop လုပ်နေသူတွေဆိုရင် Website တစ်ခုရှိထားတာ ပိုကောင်းပါတယ်။
ကိုယ်တိုင် Web Development ကို အနည်းငယ်လေ့လာထားရင် အရာရာကို သူများကိုပဲ အားကိုးစရာမလိုဘဲ ကိုယ့်လိုအပ်ချက်အတိုင်း ကိုယ်တိုင် ပြင်ဆင်နိုင်ပါတယ်။
Web Development ဆိုတာ အစမှာ ရှုပ်ထွေးသလိုထင်ရပေမယ့် အခြေခံကနေ တစ်ဆင့်ချင်း လေ့လာသွားရင် ရိုးရှင်းပါတယ်။
ကျွန်တော်လည်း အခု ကိုယ်တိုင် Website Develop လုပ်နေပါတယ်။
🎓 IT = Education
ကျွန်တော့်အမြင်မှာ IT ဆိုတာ Education ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် သိထားသမျှကို ကိုယ်တတ်နိုင်သလောက် ပညာဒါနအဖြစ် မျှဝေပေးချင်ပါတယ်။
အချိန်ရတဲ့အခါ လေ့လာပါ။
စိတ်ကူးရတဲ့အခါ စမ်းသပ်ကြည့်ပါ။
ကိုယ်တိုင်လုပ်ကြည့်ခြင်းကလည်း သင်ယူခြင်းရဲ့ အရေးကြီးတဲ့နည်းလမ်းတစ်ခုပါ။
ကျွန်တော် Web Develop လုပ်နေသလို သင်တို့လည်း ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ်။
ကျွန်တော်သိထားတဲ့ Guideline တွေ၊ လက်တွေ့အတွေ့အကြုံတွေ၊ IT Knowledge တွေကို တဖြည်းဖြည်း မျှဝေပေးသွားပါမယ်။
သင်တို့ သိချင်တဲ့အကြောင်းအရာရှိရင်လည်း Title လေးချန်ထားခဲ့နိုင်ပါတယ်။
⸻
🚢 SanLinSailor
Seafarer by Profession ⚓
IT by Passion 💻
Learning by Doing 🛠️
Sharing as Education 🎓
ကျွန်တော့်ရဲ့ IT Content တွေကို အားပေးချင်တယ်ဆိုရင် SanLinSailor YouTube Channel ကို Subscribe လုပ်ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။
သင့်ရဲ့ Subscribe တစ်ချက်က ကျွန်တော်အတွက် Content တွေ ဆက်လက်ဖန်တီးဖို့ အားတစ်ခု ဖြစ်ပါတယ်။
လေ့လာမယ် • ကိုယ်တိုင်လုပ်မယ် • အသုံးချမယ် • မျှဝေမယ်
💻 SanLinSailor — IT Knowledge, Technology & Seafarer Life
💻 ကျွန်ုပ်မျှဝေချင်တဲ့အရာ
🌱 Digital Life
💰 Website ကနေ ဝင်ငွေရနိုင်ပါသလား?